ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့်


မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ သတင်းထောက်များထံမှ သိရှိရသည်။ ရန်ကုန်တိုင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးလေးလုံး တွေ့ရှိကာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၏ ငါးလုံးမြောက် ဗုံးတစ်လုံးကို အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Western Park II စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့် ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့် Reviewed by သစ်ထူးလွင် on 16:02 Rating: 5
Powered by Blogger.