ဗုံးတကယ်ပေါက်သလို ဗုံးအယောင်ဆောင် ခြောက်လှန့်ခြင်းအချို့လည်းဖြစ်ပေါ်နေ


ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ စစ်ကိုင်းမြို့များတွင်ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများဆက် တိုက်ဖြစ်ပွားခဲ့သည့်အတွက် ဗုံး ကောလာဟလများ ပျံ့နှံ့ပြည်သူ လူထုမှစိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ အောက်တိုဘာ ၁၅ ရက်၊ ညနေ (၄) နာရီတွင် ဘုန်းကြီး လမ်း၊ စံပြမှတ်တိုင်အနီးတွင် Taxi တစ်စီးပေါ်၌ ဗုံးတွေ့ရှိကြောင်း ကောလာဟလထွက်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က ““ဒီလုပ်ရပ်တွေ ဟာ ပြည်သူကို စိတ်ဓာတ်ရေးရာ ပျက်ပြားအောင် လုပ်တယ်လို့ပဲ သုံးသပ်တယ်။ ဒီလိုမလုပ်သင့် ဘူး။ ကျွန်တော်တို့လုံခြုံရေးကို နေ့၊ည ပုံမှန်ထက်တိုးမြှင့်ဆောင် ရွက်နေပါတယ်။ ပြည်သူတွေကို အသိပညာပေးချင်တာကတော့ နာရီကြိုးစ၊ ဓာတ်ခဲကိုတွေ့ရင် မကိုင်ပါနဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကို အကြောင်းကြားပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ပြီး ရှင်းလင်းပါလိမ့် မယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး တော့ နေ့စဉ်သတင်းစာတွေမှာ ထုတ်လွှင့်ပေးနေပါတယ်”” ဟု ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုံးတကယ်ပေါက်သလို ဗုံးအယောင်ဆောင် ခြောက်လှန့်ခြင်းအချို့လည်းဖြစ်ပေါ်နေ ဗုံးတကယ်ပေါက်သလို ဗုံးအယောင်ဆောင် ခြောက်လှန့်ခြင်းအချို့လည်းဖြစ်ပေါ်နေ Reviewed by သစ်ထူးလွင် on 07:53 Rating: 5
Powered by Blogger.