ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ

အောက်တိုဘာလ(၁၈)ရက် ည ၇း၂၅မိနစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး ဥရောပခရီးစဉ် စတင်ထွက်ခွာခဲ့ သည်။အဖွဲ့ချုပ်နာယကဦးတင်ဦး၊ဦးစိုးဝင်းနှင်အဖွဲ့ ချုပ်အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ - ဓါတ်ပုံ - National League for Democracy


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅ နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို အခုလိုပြောပါတယ်။

ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ Reviewed by သစ်ထူးလွင် on 06:32 Rating: 5
Powered by Blogger.