မသင်္ကာဖွယ်အထုပ်နှင့် လက်ဆွဲသေတ္တာတွေ့ရှိခြင်း


ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း ပြည်သူလူထုအား ထိတ်လန့် တုန်လှုပ်မှုနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မသမာသူများမှ ၁၄.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅အချိန် လှိုင်မြို့နယ်တံတားဖြူ မှတ်တိုင်အနီး ဆက်သွယ်ရေးဖုန်း ပုံးပေါ်တွင် သတင်းစာနှင့်ထုပ်ပြီး ကြွပ်ကြွပ်အိတ်အဖြူရောင်နှင့် ထုပ်ထားသည့် အထုပ်(၂)ထုပ်တွေ့ရှိသဖြင့် အမှတ်(၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ဖြင့် ၎င်းအထုပ်(၂)ထုပ်အား ရှင်းလင်းခဲ့ရာ သတင်းစာစက္ကူများသာ ထုပ်ထားသည့် အထုပ်(၂)ထုပ်ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

၁၅.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင်လည်း ကျောက်တံတားမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းနှင့် (၃၈)လမ်းထောင့်ရှိ City Star Mobile and Electric ဆိုင်ရှေ့ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် မသင်္ကာဖွယ် အလျား(၁၆)လက်မ၊ အနံ (၁၁)လက်မ၊ ထု (၄)လက်မရှိ Raganတံဆိပ်ပါ ခဲရောင် အတာချီကော့စ် (၁)လုံးအား တွေ့ရှိရသဖြင့် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ရှင်းလင်းခဲ့ရာ အတွင်း၌မည်သည့် ပစ္စည်းမျှမရှိသည့် သေတ္တာအခွံအဖြစ်စစ်ဆေးသိရှိရကြောင်း သတင်းရရှိပါသည်။

Yangon Police
မသင်္ကာဖွယ်အထုပ်နှင့် လက်ဆွဲသေတ္တာတွေ့ရှိခြင်း မသင်္ကာဖွယ်အထုပ်နှင့် လက်ဆွဲသေတ္တာတွေ့ရှိခြင်း Reviewed by သစ်ထူးလွင် on 15:25 Rating: 5
Powered by Blogger.