ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်


ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။

"အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ ဗုံးအစအန ဒဏ်ရာရှိတယ် ။ဓာတ်မှန် မှာကြည့်ရတာတော့ ကျောက်ကပ်သွေးခြေဥတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ သူ့ကို သွားကြည့်ခဲ့ပါတယ် ။ အမေရိကန် သံရုံးကလည်း လာတွေ့တယ် ။ ဒီနေ့ပဲ SOS အေဂျင်စီ ရဲ့ လူနာတင်ယာဉ် နဲ့ လေယာဉ်ပေါ်တင်ပြီး ထွက်သွားပါတယ်" ဟု ၄င်းကပြောသည်။

ကုန်သည်ကြီးများ ဟိုတယ်အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူ Mrs.Tialoris ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

MZ
Popular Myanmar News Journal


ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင် Reviewed by သစ်ထူးလွင် on 19:30 Rating: 5
Powered by Blogger.