တစ်ထောင်တန်အတုလုပ်သူများ စီအိုင်ဒီ စစ်ဆေးနေ

တစ်ထောင်ကျပ်တန် ငွေစက္ကူအတု လုပ်သူများထံမှ ငွေတုလုပ်သည့် ကာလာပရင်တာ စက်နှင့်အတူ ကျပ်ငွေအတု စုစုပေါင်း ၃၁ သိန်းကျော် ဖမ်းဆီးမိကာ စီအိုင်ဒီက စစ်ဆေး နေကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၂ ရက် တွင် တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်၊ ဗညားဒလလမ်းနှင့် ၁၄၆ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ ရောက်လာသည့် အမျိုးသမီး တစ်ဦးကို ရှာဖွေရာ ၎င်းကိုင်ထားသော လက်ဆွဲ အိတ်တစ်လုံး အတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်းပါ ငွေစက္ကူအတု တစ်ထောင်ကျပ်တန် အသေးရွက်ရေ ၄၁၀ နှင့် ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုတွေ့၍ သိမ်းဆည်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တစ်ထောင်ကျပ်တန်ငွေစက္ကူအတုများနှင့်ဖမ်းမိသူ Yangon Police

တစ်ထောင်တန်အတုလုပ်သူများ စီအိုင်ဒီ စစ်ဆေးနေ တစ်ထောင်တန်အတုလုပ်သူများ စီအိုင်ဒီ စစ်ဆေးနေ Reviewed by သစ်ထူးလွင် on 13:45 Rating: 5
Powered by Blogger.