မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအလောင်း ထပ်မံတွေ့ရှိ


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင်ဘက် တိုဝါး(တံတားဖြူ)နေရာအနီးရှိ တောတွင်းတနေရာတွင် ယမန်နေ့က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ အလောင်းကို ထပ်မံ တွေ့ရှိခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။ ယင်းအမျိုးသမီးအလောင်းမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-ဘီ)တွင် နေထိုင်သော အသက် ၇၈နှစ်အရွယ် ဒေါ်ကြင်မြိုင်ဆိုသူဖြစ်သည်။ သူမသည် ပြီးခဲ့သော စက်တင်ဘာလ ၂၇ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့၊ နံနက် ၁၀နာရီကျော်မှသာ သူမ၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအလောင်း ထပ်မံတွေ့ရှိ မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအလောင်း ထပ်မံတွေ့ရှိ Reviewed by သစ်ထူးလွင် on 18:26 Rating: 5
Powered by Blogger.