ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ


မြစ်ကြီးနားမှာ ကျင်းပတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ပြည်ထောင်စုအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးဆွမ်လတ်ဂမ် ခေါင်းဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ နောက်ဆုံးနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရရှိပေမယ့် အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အို ပါဝင်နိုင်ရေး အပါအ၀င်သဘော တူညီချက် ၇ ချက် ရရှိခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ Reviewed by သစ်ထူးလွင် on 20:28 Rating: 5
Powered by Blogger.