သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း

အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအသုံးစရိတ်သတ်မှတ်ရေး လွှတ်တော်မှာ သဘောတူညီမှုမရနိုင်ရာက အစိုးရရဲ့လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာ ၄ ရက်အထိ ရှိလာပြီဖြစ်တာကြောင့် အခုနောက်ဆုံး သမ္မတဘရက်ခ် အိုဘားမားက သူ့ရဲ့အာရှခရီးစဉ်တခုလုံးကို ဖျက်လိုက်ပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေး လွှတ်တော်တွင်းမှာ မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအပေါ် ဆက်လက် ဖိအားပေးရမှာဖြစ်တဲ့အတွက် ပြည်ပခရီးထွက်ဖို့ အခက်အခဲ ရှိနေတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ရတာလို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့ကပဲ ကြေညာခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတအိုဘားမားက အစိုးရဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းကို မေရီလဲန်းပြည်နယ်က ဒေသတွင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M. Luis Construction မှာ ရှင်းလင်းပြောကြားစဉ်။ (အောက်တိုဘာ ၃၊ ၂၀၁၃)။



သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း Reviewed by သစ်ထူးလွင် on 03:20 Rating: 5
Powered by Blogger.