ဗုံး တွေ့ရှိမှုများကြောင့် မြန်မာတစ်နိုင်ငံလုံး လုံခြုံရေးတိုးမြှင့်


တောင်ငူမြို့နှင့် ရန်ကုန်မြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု များကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သက်ဆိုင်ရာ အစိုးရများ၏ အစီအစဉ်ဖြင့် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ အောက်တိုဘာလ ၆ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်မြို့တွင် ၁၃ ရက်နေ့၌ ပေါက်ကွဲမှု နှစ်ကြိမ်၊ ထပ်မံ၍ ၁၄ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက် တွေ့ရှိခဲ့သဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုံး တွေ့ရှိမှုများကြောင့် မြန်မာတစ်နိုင်ငံလုံး လုံခြုံရေးတိုးမြှင့် ဗုံး တွေ့ရှိမှုများကြောင့် မြန်မာတစ်နိုင်ငံလုံး လုံခြုံရေးတိုးမြှင့် Reviewed by သစ်ထူးလွင် on 11:07 Rating: 5
Powered by Blogger.