ကာ/ချုပ်ကို မလေးဘုရင်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိတ်ကို မလေးရှားတပ်မတော်၏ နှစ်(၈၀)မြောက်နေ့တွင် ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့် မလေးရှားတပ်မတော်တို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု ပိုကောင်းအောင် စွမ်းဆောင်နိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ချီးမြှင့်ခဲ့သည့်ဆုသည် "Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces"ဘွဲ့တံဆိပ်ဖြစ်သည်။

ထိုဘွဲ့တံဆိပ်အား မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဖိလစ်ပိုင်တပ်မတော်နှင့် ယူအေအီးတပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

မဇ္ဈိမသတင်းဌာန


ကာ/ချုပ်ကို မလေးဘုရင်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ကာ/ချုပ်ကို မလေးဘုရင်မှ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် Reviewed by သစ်ထူးလွင် on 05:38 Rating: 5
Powered by Blogger.