ထောက်ခံစာအတုဖြင့် အလှူခံနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားအရေးယူ


တရားဝင် အလှူခံခွင့်ပြုထားသည့် ထောက်ခံစာကို မိတ္တူဆွဲပြီး လိမ်လည်အလှူခံကာ ကိုယ်ကျိုးအတွက်သုံးစွဲနေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အရေးယူခဲ့မှု အောက်တိုဘာ ၁၅ရက်က နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နေပြည်တော် ပျဉ်းမနားရှိ သာသနာ ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဆရာတော်နှင့်အဖွဲ့ တို့သည် အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီက ရွာကောက်ရပ်ကွက်တွင်း လိုက်လံအလှူခံနေသူ သုံးဦးအား စစ်ဆေးမေးမြန်းရာ အလှူခံဖြတ်ပိုင်းစာအုပ်တစ်အုပ်၊ အလှူခံခွင့်ပြုပါရန် လျှောက်ထားခြင်း ခေါင်းစဉ်ပါ ကွန်ပျုတာဖြင့် ပြန်လည်ကူးထားသော ထောက်ခံစာတစ်စောင်တို့ တွေ့ရှိရသည်ဟုဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထောက်ခံစာအတုဖြင့် အလှူခံနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားအရေးယူ ထောက်ခံစာအတုဖြင့် အလှူခံနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားအရေးယူ Reviewed by သစ်ထူးလွင် on 18:38 Rating: 5
Powered by Blogger.