အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း


မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း တရားတွေ ရေးသားဖြန့်ချိသူတွေ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ မနေ့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂနဲ့ OIC ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေး ကောင်စီ အဆင့်မြင့် အစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးကိစ္စရပ်တွေနဲ့ မွတ်ဆလင်ကမ္ဘာရဲ့ အခြေအနေ စိုးရိမ်ချက်တွေကို ပြောဆိုသွားရာမှာ မြန်မာပြည်အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။


အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း Reviewed by သစ်ထူးလွင် on 14:11 Rating: 5
Powered by Blogger.