သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ


ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ သံသယဖြစ်ခံရ သူရခိုင်အမျိုးသားငါးဦးကို တစ်ပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့ ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၅၃ ဦးအထိရှိပြီဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူက စံတော်ချိန်သို့ အောက်တိုဘာ ၂၇ ရက်က ပြောဆိုသည်။ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူများတွင် အောက်တို ဘာ ၁၈ ရက်က ဒွါရာဝတီကွက်သစ်မှ ကိုတင်ထွဋ်နှင့် ဗိုက်ကလေးတို့ နှစ်ဦးဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဒွါရာဝတီမြို့သစ် (၆) လမ်းမှ ကိုခင်ထွန်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ကိုသိန်းဝင်းဦးနှင့် အောက်တိုဘာ ၂၂ ရက်က ရခိုင်အမျိုးသား တစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 18:15 Rating: 5
Powered by Blogger.