ဦးကျော်ဆန်း ၀ဋ်လည်ပြီလား


အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။ တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဦးကျော်ဆန်း ၀ဋ်လည်ပြီလား ဦးကျော်ဆန်း ၀ဋ်လည်ပြီလား Reviewed by သစ်ထူးလွင် on 04:15 Rating: 5
Powered by Blogger.