လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ်ထဲက ကျေးရွာတချို့မှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖို့အတွက် မြေတူးပြီး မြေစာတွေပုံခဲ့တဲ့ လယ်မြေတွေကို နစ်နာကြေးတွေ ပေးမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်မြေဥယျာဉ်ပိုင်ရှင် ၂၆ ဦးဟာ ဆုံးရှုံးမှုတွေအတွက် ဘာနစ်နာကြေးမှ မရရှိသေးဘူးလို့ ပြောပါတယ်။  တရုတ်နိုင်ငံကို တင်ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မင်းဘူးခရိုင် စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်ယာမြေတွေပေါ်ကို မြေစာတွေ ပုံခဲ့တဲ့အတွက် စိုက်ပျိုးမရတော့သလို ဥယျာဉ်ခြံမြေတွေက အပင်တွေကိုလည်း ခုတ်လှဲ မီးရှို့ခဲ့တဲ့အတွက် အားလုံး ပျက်စီးကုန်တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်းဆို Reviewed by သစ်ထူးလွင် on 16:44 Rating: 5
Powered by Blogger.