သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွား ၊ ၂ ဦး ဒဏ်ရာရ


ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖေါင်းအနီးမှာ ဒီနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့် က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ ဈေးရှေ့ မှာ ရပ်ထားတဲ့  သစ်လုံးတင်ယာဉ်၏ အောက်တွင် အမဲရောင် ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ ဖြစ်သည့် ထက်အောင်နိုင် အသက်(၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး အသက်(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွား ၊ ၂ ဦး ဒဏ်ရာရ သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွား ၊ ၂ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:02 Rating: 5
Powered by Blogger.