စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သိမ်းယူခဲ့သော လယ်မြေ ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာမှု လျော်ကြေး ကျပ်သိန်း ၄၅၉၅ ကျော်ကို ပေးအပ် ခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။ ရွှေဘိုမြို့နယ် တဲကြီး၊ ရွာမိတ်သာ၊ ဖွတ်ကုန်း၊ ပိတ်တောကျေးရွာနှင့် ခင်ဦးမြို့နယ် ဝါးရုံကုန်း ကျေးရွာတို့မှ သိမ်းယူထားသည့် လယ်မြေဧက ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာကြေးငွေကို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေဘိုအမှတ် (၈) အခြေခံစစ် လေ့ကျင့်ရေး တပ်တွင် တောင်သူများသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တပ်သိမ်းမြေများအတွက် ကျပ်သိန်း ၄၅၀၀ ကျော် ပေးလျော်
Reviewed by သစ်ထူးလွင်
on
00:02
Rating: