မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ


မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထု ရိုက်ဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေ ဂျာ ဦးလှဖုန်းကျော် ၏ ပြောဆို ချက်အရ ကုမ္ပဏီအပေါ်ထပ်အ ရှေ့ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ်လည်အကျယ်ရှိ Leeco အမျိုးအစားမီးခံသေတ္တာသော့ အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ Reviewed by သစ်ထူးလွင် on 20:01 Rating: 5
Powered by Blogger.