မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည်


မန္တလေးမြို့တော်ရှိ ကျူးကျော် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ခန့်က ရှင်းလင်း အရေးယူ ဒဏ်ရိုက်ခဲ့သော်လည်း ဆက်လက်၍ ဆိုင်ခန်းများ ကျူးကျော် ဖွင့်လှစ်နေသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒုတိယအကြိမ် ထပ်မံအရေးယူ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ ယင်းကဲ့သို့ ပြန်လည် ကျူးကျော်သည့် ဆိုင်ခန်းများတွင် လက်ဖက်ရည်ဆိုင်၊ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ အဝတ်အထည် အရောင်းဆိုင်များ ပါဝင်ပြီး ကျူးကျော်မှု အများဆုံးမှာ မန္တလေးတက္ကသိုလ် သွားရာ အဓိက လမ်းမကြီး ဖြစ်သည့် ၇၃ လမ်း၊ ၃၅ လမ်းမှလမ်း ၄၀ အတွင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည် မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည် Reviewed by သစ်ထူးလွင် on 18:53 Rating: 5
Powered by Blogger.