ဒေါ်လာ ၁၁ ဘီလီယံကိစ္စ လွှတ်တော်မှာ ယနေ့ ရှင်းပြီ


သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒသမ ၆ ဘီလီယံပဲ ရှိပြီး ကျန်ဘဏ်စာရင်းနဲ့ ငွေစာရင်းတွေကိုတော့ မသိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်လာ ၁၁ ဘီလီယံကိစ္စ လွှတ်တော်မှာ ယနေ့ ရှင်းပြီ ဒေါ်လာ ၁၁ ဘီလီယံကိစ္စ လွှတ်တော်မှာ ယနေ့ ရှင်းပြီ Reviewed by သစ်ထူးလွင် on 15:36 Rating: 5
Powered by Blogger.