ဥပဒေချိုးဖောက်မှုကို လက်ပိုက်ကြည့်နေသော တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အားနည်းချက်များစွာရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား၌ ပြောကြားလိုက်သည်။ " ဥပဒေတွေကို စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်တွေကလည်း ဥပဒေကို လိုက်နာရမယ်။ နိုင်ငံအတွင်းမှာနေတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာစောင့်ထိန်းရမယ်။ မလိုက်နာတဲ့သူက ချိုးဖောက်တဲ့သူ ဖြစ်တဲ့အတွက် ဥပဒေရဲ့ အရေးယူခြင်း ကိုခံရမယ်။ ဥပဒေချိုးဖောက်နေတာကို လက်ပိုက်ပြီး ကြည့်နေတဲ့ တာဝန်ရှိ သူတွေကိုလည်း ဥပဒေမလိုက်နာတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူရ မှာဖြစ်ပါတယ် " ဟု သူရဦးရွှေမန်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဥပဒေချိုးဖောက်မှု လက်ပိုက်ကြည့်နေသော တာဝန်ရှိသူများ ဥပဒေနှင့်အညီ အရေးယူရမည်ဟု သူရဦးရွှေမန်း ပြောပြီ
Reviewed by သစ်ထူးလွင်
on
14:40
Rating: