အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး

အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမိုဟာမက်မော်စီကို ထောက်ခံ သူတွေနဲ့ ရဲတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တာကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်တာဝန်ရှိ သူတွေက ပြောပါတယ်။ အကြမ်းဖက်မှု အများစုဟာ ကိုင်ရိုမြို့မှာ မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။ အာရပ် အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အများပြည်သူ အားလပ်ရက်ပွဲ ဆင်နွဲနေကြတဲ့အချိန်မှာပဲ စစ်တပ်လိုလားတဲ့ ချီတက်လမ်းလျှောက်လာသူတွေနဲ့ အစ္စလာမစ်တွေအကြား လမ်းပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါ တယ်။ တဘက်နဲ့တဘက် ခဲတွေ၊ လေးခွတွေ၊ ဂက်စ် ဓာတ်ငွေ့ဗုံးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲစဉ်။ (အောက်တိုဘာ ၆၊ ၂၀၁၃)

အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး Reviewed by သစ်ထူးလွင် on 09:11 Rating: 5
Powered by Blogger.