ဧရာဝတီမြစ်အတွင်းမှ ကျွန်းမြေများ တရုတ်လုပ်ငန်းရှင်များ အပြိုင်ဝယ်ယူနေ


မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ တောင်သူများလုပ်ကိုင်နေသော ကျွန်းမြေများကို  မန္တလေးမြို့မှ တရုတ်ကုန်သည်များက ဈေးပြိုင်ပေးကာ ၀ယ်ယူနေကြောင်း သတင်းရရှိသည်။ ပုသိမ်ကြီးမြို့နယ် မင်းရဲလှ ကျေးရွာအုပ်စု၊ သံဗိုလ်ကျွန်းကျေးရွာရှိ ဧက ၃၀ နှင့် ၅၀ ကြားရှိမည့် ကျွန်းမြေများကို တရုတ်လုပ်ငန်းရှင်တစ်ဦးက ၀ယ်ယူထားပြီး ဟင်းရွက်စုကျေးရွာနှင့် ညောင်ပင်သာကျေးရွာရှိ ကျွန်းမြေများကိုလည်း အခြားတရုတ်ကုန်သည်များက ၀ယ်ယူထားပြီးဖြစ်ကြောင်း ယင်းကျေးရွာများတွင်နေထိုင်သော ဒေသခံများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများကို တွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7Day Daily


ဧရာဝတီမြစ်အတွင်းမှ ကျွန်းမြေများ တရုတ်လုပ်ငန်းရှင်များ အပြိုင်ဝယ်ယူနေ ဧရာဝတီမြစ်အတွင်းမှ ကျွန်းမြေများ တရုတ်လုပ်ငန်းရှင်များ အပြိုင်ဝယ်ယူနေ Reviewed by သစ်ထူးလွင် on 20:22 Rating: 5
Powered by Blogger.