သပိတ်စခန်းဆက်ဖွင့်လျှင်ဖယ်ရှားမည်ဟု တာဝန်ရှိသူပြော


သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေ ပြည်သူများကို သပိတ်စခန်း ဆက်လက်ဖွင့်ကာ ပြုလုပ်နေပါက ဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။ ခွင့်ပြုမိန့် မတောင်းခံဘဲ မဟာဗန္ဓုလပန်းခြံဘေးတွင် အောက်တိုဘာ ၂ ရက်မှစ၍ သပိတ်စခန်းဖွင့်ကာ မြေနေရာ ပြန်လည်ရရှိရေးအတွက် တောင်းဆိုခြင်းကို ဥပဒေနှင့်မညီသောကြောင့် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
““အင်အားသုံးပြီး ဖယ်ရှားရင် နိုင်ငံတော်ထိခိုက်ပါတယ်။ တောင်းဆိုတဲ့အထဲမှာလည်း အသက်အရွယ်ကြီးအမျိုးသမီးတွေ များနေတယ်။ အဲဒါကြောင့် ချိန်ဆနေတာပါ။ သူတို့ဘက်က အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ”” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်  / ဓါတ်ပုံ -  RFA 

သပိတ်စခန်းဆက်ဖွင့်လျှင်ဖယ်ရှားမည်ဟု တာဝန်ရှိသူပြော သပိတ်စခန်းဆက်ဖွင့်လျှင်ဖယ်ရှားမည်ဟု တာဝန်ရှိသူပြော Reviewed by သစ်ထူးလွင် on 14:40 Rating: 5
Powered by Blogger.