မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်က အရှေ့တောင်အာရှနိုင်ငံ အတော်များများထက် ရှေ့ရောက်နိုင်အောင် အစိုးရပိုင်းက ဖော်ဆောင်ပေးခဲ့ပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ပြည်တွင်း သတင်းစာဆရာအများစုက ပယ်ချခဲ့ကြပြီး ပုဂ္ဂလိက သတင်းစာတွေ မီဒီယာလွတ်လပ်ခွင့် မရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ တကယ့်လက်တွေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှုတွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိကသတင်းစာတချို့ရဲ့ သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။
သမ္မတက မြန်မာမီဒီယာတွေ လွတ်လပ်မှု ပိုတိုးတက်လာတယ်ဆိုတဲ့ ပြောကြားချက်ကို မထောက်ခံကြပေမယ့် မီဒီယာတွေဘက်က ကျင့်ဝတ်နဲ့မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် တာတွေကို မပြုလုပ်ဖို့ဆိုတဲ့ ပြောကြားချက်ကိုတော့ သတင်းစာဆရာတွေက သဘောတူ ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) |
သမ္မတ၏ မီဒီယာလွတ်လပ်ခွင့်ပြောဆိုမှု စာနယ်ဇင်းသမားများ ပယ်ချ
Reviewed by သစ်ထူးလွင်
on
17:47
Rating: