သံတွဲမြို့နယ်မှာကျေးရွာတချို့မီးရှို့ခံရ

အင်္ဂါနေ့ (၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့) မနက် ၁၀ နာရီလောက် ကစပြီး သံတွဲမြို့နယ်ထဲက သပြုချိုင်၊ ပြင်ရောင်း၊ လင်းသည်၊ ပေါက်တော နဲ့ မြင်စိုင်းမော်ကျေးရွာ တွေမှာ မူဆလင်အိမ်တွေ မီးရှို့ခံနေရတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။

သပြုချိုင်ရွာမှာ အိမ် ၁၄ လုံးမီးလောင်သွားတယ်လို့ သံတွဲခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးကျော်တင့် က ဘီဘီစီကိုမွန်းလွဲ ၁ နာရီအချိန်က ပြောပါတယ်။ အသေးစိတ်ကိုတော့စုံစမ်းနေဆဲဘဲလို့သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်သံတွဲမြို့နယ်နဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ရွှေလှေကျေးရွာအုပ်စုထဲကသဗျုချိုင်၊ ပေါက်တောနဲ့ ရွှေလှေကျေးရွာသုံးခုမှာမူဆလင်အိမ်တွေကိုဗုဒ္ဓဘာသာဝင်တွေကလူအုပ်နဲ့ဝိုင်းပြီးမီးရှို့တိုက်ခိုက်တဲ့ အတွက်အနည်း ဆုံးလူတဦးသေဆုံးပြီးအိမ်ခြေ ၁၂ လုံးထက်မနည်းမီးလောင်သွားတယ်လို့သံတွဲခရိုင် ရဲမှူးကြီးဒုရဲမှူးကြီးကျော်တင့်ကပြောပါတယ်။

အခုအခါသံတွဲမြို့နယ်အတွင်းမှာညမထွက်ရအမိန့်ကိုအရင် ည ၉ နာရီကမနက် ၆ နာရီအထိသတ်မှတ်ထားရာကနေ ည ၆ နာရီကမနက် ၆ နာရီအထိတိုးမြှင့်သတ်မှတ်ထား ပါတယ်။

BBC Burmese (facebook)

ပေါက်တောရွာ က မွတ်စလင်မ် အိမ်ခြေ ၂၀ကျော် မီးလောင်နေပါတယ်။ ဓါတ်ပုံ - အဖြူရောင် မီဒီယာ (ဖေ့ဘုတ်)




သံတွဲမြို့နယ်မှာကျေးရွာတချို့မီးရှို့ခံရ သံတွဲမြို့နယ်မှာကျေးရွာတချို့မီးရှို့ခံရ Reviewed by သစ်ထူးလွင် on 17:55 Rating: 5
Powered by Blogger.