အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရန် ဒုတိယအဆင့်ရောက်ပြီဟုဆို

အနိမ့်ဆုံးလုပ်ခလစာ နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် လုပ်ခနှုန်းထားသတ်မှတ်နိုင်ရန်အတွက် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။ ယခုနှစ်ဇူလိုင် ၁၂ ရက်တွင် အနိမ့်ဆုံးလုပ်ခလစာနည်းဥပဒေ ထွက်ရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းဥပဒေနှင့် ပတ်သက်၍ လုပ်ခလစာနှုန်းထား မှန်ကန်စွာ အမြန်ဆုံးသတ်မှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့် ငါးဆင့် ခွဲခြားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါလုပ်ငန်းစဉ်များအနက် ပထမအဆင့်အနေဖြင့် ဥပဒေပါအတိုင်း အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားကော်မတီဖွဲ့စည်းပြီး   ယခုအခါ  ကော်မတီမှ လုပ်ငန်းအမျိုးအစားအလိုက် လက်ရှိ လုပ်ခလစာများကို မေးခွန်းလွှာများဖြင့် စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရပ်ကွက်တစ်ခုမှ အလုပ်သွားရန်ပြင်ဆင်နေသော လုပ်သားအချို့ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) - 7Day Daily

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရန် ဒုတိယအဆင့်ရောက်ပြီဟုဆို အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရန် ဒုတိယအဆင့်ရောက်ပြီဟုဆို Reviewed by သစ်ထူးလွင် on 20:20 Rating: 5
Powered by Blogger.