လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်


နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။ လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည် လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည် Reviewed by သစ်ထူးလွင် on 14:01 Rating: 5
Powered by Blogger.