ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်မှာ Usagi အင်အားပြင်း မုန်တိုင်းတိုက်ခတ်


Usagi စူပါမုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းတို့မှာ လေပြင်းတိုက်ခတ်ပြီး မိုး သည်းထန်စွာ ရွာသွန်းနေပါတယ်။ လေတိုက်နှုန်း တနာရီ ၁၃၆ မိုင်ကျော်၊ လေပြင်းတိုက်နှုန်း တနာရီ ၁၅၅ မိုင်လောက်နဲ့ ဧရာမမုန်တိုင်းကြီးဟာ Luzon ကျွန်းဆွယ်ကို ဒီကနေ့ ဝင်တိုက်နေပါတယ်။ မုန်တိုင်းဗဟိုချက်က ဖိလစ်ပိုင် Batanes ကျွန်းတွေကို ဖြတ်ကျော်သွားတာနဲ့အတူ သစ်ပင်တွေကျိုးကျ၊ ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး စိုက်ပျိုးခင်းတွေပျက်စီးခဲ့ပါတယ်။ အသေအပျောက် ဘယ်လောက် ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖိလစ်ပိုင် ကမ်းရိုးတန်းတလျှောက် တမံတုပ်နေကြသော အလုပ်သမားများနှင့် Usagi မုန်တိုင်းလှိုင်းရိုက်ခတ်လာစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)


ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်မှာ Usagi အင်အားပြင်း မုန်တိုင်းတိုက်ခတ် ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်မှာ Usagi အင်အားပြင်း မုန်တိုင်းတိုက်ခတ် Reviewed by သစ်ထူးလွင် on 04:51 Rating: 5
Powered by Blogger.