နိုင်ငံသား မှတ်ပုံတင် ကတ်ပြားများအား Smart Card အဖြစ် ပြောင်းလဲရန် တင်ဒါခေါ်ယူ သွားရန်ရှိ

ပြည်တွင်းရှိ နိုင်ငံသားများ ကိုင်ဆောင် ထားတဲ့ မှတ်ပုံတင် ကတ်ပြားများကို Smart Card အဖြစ် ပြောင်းလဲ ကိုင်ဆောင်နိုင်ဖို့ အတွက် လုပ်ငန်းရှင် များကို တင်ဒါခေါ်ပြီး ပြုလုပ်သွားဖို့ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်ဖို့ အတွက် ကိုလည်း ပြည်ပ နိုင်ငံများရှိ ကုမ္ပဏီတွေမှ ကမ်းလှမ်းမှု တွေရှိနေပြီး ထိုင်း၊ ကိုရီးယား၊ ဂျပန် အစတဲ့ နိုင်ငံတွေမှ ကုမ္ပဏီတွေနဲ့ ပြည်တွင်းရှိ ကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ကုမ္ပဏီ ၆ ခု ၀န်းကျင်ခန့် ရှိတယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် အခု ကမ်းလှမ်းမှု တွေကို သက်ဆိုင်ရာ အနေနဲ့ တရားဝင် တင်ဒါ ထုတ်ပြန်ပြီမှာသာ တင်ဒါစနစ်နဲ့သာ ဆက်လက် ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံသား မှတ်ပုံတင်များကို Smart Card အဖြစ် ပြောင်းလဲမှု ကိုတော့ နိုင်ငံတကာ အဆင့်အတန်း နဲ့အညီ ပြုလုပ် သွားမှာဖြစ်ပြီး လက်ရှိ မှာတော့ အဆိုပါ တင်ဒါစနစ်နဲ့ ပတ်သက်ပြီ လုပ်ငန်း စတင် ဆောင်ရွက်မယ့် အချိန် ကိုတော့ အတိအကျ မသိရသေးဘူး လို့လည်း သိရပါတယ်။

ဒါပေမယ့် ယခုလက်ရှိမှာ နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် တွေကို မိုးပွင့် အဆင့် သတ်မှတ်ကာ ပြုလုပ်ပေး လျက်ရှိရာ မိုးပွင့်အဆင့် ၆ ကို ဆောင်ရွက် ပေးလျက် ရှိတယ် လို့လည်း သိရပါတယ်။

Mrtv-4



နိုင်ငံသား မှတ်ပုံတင် ကတ်ပြားများအား Smart Card အဖြစ် ပြောင်းလဲရန် တင်ဒါခေါ်ယူ သွားရန်ရှိ နိုင်ငံသား မှတ်ပုံတင် ကတ်ပြားများအား Smart Card အဖြစ် ပြောင်းလဲရန် တင်ဒါခေါ်ယူ သွားရန်ရှိ Reviewed by သစ်ထူးလွင် on 16:35 Rating: 5
Powered by Blogger.