နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ


4.9.2013 ရက်နေ့ မူဆယ် (105)မိုင်တွင် စားသုံးသူရေးရာ၊ အကောက်ခွန် အစရှိသော ပူးပေါင်းစစ်ဆေးရေး မိုဘိုင်းမှ နံနက်(08း00)နာရီခန့်တွင် ယာဉ်အမှတ်(၃ခ/၁၄၂၁) Mitsubishi Pajero ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါယာဉ် နံပါတ်ပြားမှာ (၁စ/၃၃၁၄) နံပါတ်ပြားနှင့် နှစ်ခုထပ်လျှက်ရှိကြောင်း သိရှိရ ပါသည်။

အဆိုပါကားသည် အဖွဲ့အစည်းတစ်ခု နာမည်ခံထားကြောင်းလည်း  သိရှိရပါသည်။

တစ်ဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့မည်ဖြစ်သော ကျောက်စိမ်း များဖြစ်သဖြင့် ပူးပေါင်းအဖွဲ့သည် ကျောက်စိမ်းတုံး စုစုပေါင်း (759)ကီလို နှင့် အဆိုပါMitsubishi Pajero ယာဉ်အားမူဆယ် အကောက်ခွန်ဦးစီးဌာန သို့လွဲပြောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စွမ်းသူလင်း

by Myanmar News Now


နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ


နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 15:46 Rating: 5
Powered by Blogger.