စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း


မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့  မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့ နှိုင်းယှဉ် လိုက်ရင်တော့ အခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အဖွဲ့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲ၊ အမေရိကန် သမ္မတဟောင်း Jimmy Carter ၊ ရန်ကုန်မြို့ Strand Hotel၊ စက်တင်ဘာလ ၂၆။

စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း Reviewed by သစ်ထူးလွင် on 05:09 Rating: 5
Powered by Blogger.