မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။ အဆိုပါ DKBA တပ်သားမျိုးလင်းနှင့် ဝင်းကျော်တို့ကို ကျိုက်မရောမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း ယင်းတပ်သား နှစ်ဦးမှာ ထွက်ပြေးနေသဖြင့် တပ်မတော်နှင့် ပူးပေါင်းရှာဖွေမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ
Reviewed by သစ်ထူးလွင်
on
19:23
Rating: