ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့က ပထမဆုံး အကြိမ် ရှမ်းပြည်နယ် ထဲက RCSS ရှမ်းပြည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့( ရလလဖ) နဲ့ PNO ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် က ကိုယ်စားလှယ် တွေနဲ့ တနင်္လာနေ့ က တွေ့ပါ တယ်။ အပစ်ရပ် သဘောတူထားကြတဲ့ တိုင်းရင်းသား ပြည်နယ်တွေ မှာ အခု အချိန် အထိ သေနတ်သံတွေ ကြားနေရခြင်းဟာ လက်နက်ကိုင် အဖွဲ့တွေ ရဲ့ ဆက်ကြေး ကောက်ခံမှုကြောင့် ဖြစ်တယ် လို့ အစိုးရ စစ်ရုံးက အရာရှိ က အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ မှာ ပြောကြောင်း RCSS ရှမ်းပြည် ထူထောင်ရေး ကောင်စီ က ဘီဘီစီ ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း |
သူရ ဦးရွှေမန်း ရှမ်းအဖွဲ့တွေနဲ့ တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
12:26
Rating: