ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်


စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။ ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအောင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ် ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ် Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.