အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို


ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်းများ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။ မြေဈေးစံနှုန်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့် ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို Reviewed by သစ်ထူးလွင် on 15:32 Rating: 5
Powered by Blogger.