ကျောက်ဖြူ ဆန္ဒပြပွဲ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံး


ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဒေသခံများ ပြုလုပ်နေသော ဆန္ဒပြပွဲမှာ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။ မဒေးကျွန်းရွာမ ဆရာတော်ကြီး ဆန္ဒပြသူများ စုဝေးနေရာသို့ လိုက်ပါလာပြီး ဒေသခံ ရွာသားများကို ဖျောင်းဖျ ခေါ်ယူသွားသည်ဟု ကျောက်ဖြူ လူမူ ကွန်ယက်မှ ကိုလှမြင့်ကျော်က ပြောသည်။ ကျောက်ဖြူ ခရိုင် ဥက္ကဌ အပါအ၀င် အာဏာပိုင်များမှ ရွာသားများကို ဖျောင်းဖျပေးရန် ဆရာတော်ကြီးကို လျှောက်ထားပြီးနောက် ဆရာတော်ကြီးမှ ရွာသားများကို လာရောက် ခေါ်ယူသွားသည်ဟု သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကျောက်ဖြူ ဆန္ဒပြပွဲ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံး ကျောက်ဖြူ ဆန္ဒပြပွဲ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံး Reviewed by သစ်ထူးလွင် on 20:12 Rating: 5
Powered by Blogger.