စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာက တောင်သူလယ်သမား ၃ဝဝ လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ကသာမြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားခဲ့တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို ကျေးရွာသားတွေ စုပေါင်းပြီး ဆန္ဒပြရတာလို့ တုံလုံရွာသား ဦးနေဝင်းက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြီးခဲ့သည့် နှစ်က ဂရိတ်ဝေါ သကြားစက်အား ဒေသခံများ ဆန္ဒပြခဲ့ကြစဉ်
ကသာမြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
22:32
Rating: