အစိုးရ ခလရ (၁၇) တပ်ရင်းသည် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ပစ်သွင်း သဖြင့် ရွာသား တဦး ဗိုက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး သေဆုံး သွားသည်ဟု ပါလိုင် ရွာသား တဦးက ဆိုပါသည်။ “ သေဆုံးသူ ကတော့ ဦးစံမတ် (၃၃)နှစ် ဆိုသူပါ။ တိုက်ပွဲ ဖြစ်ဖြစ် ချင်းမှာ သူရဲ့ အမျိုးသမီး နဲ့ကလေး တွေကို အိမ်အောက်ကို အရင် ရှောင်ခိုင်းတယ်။ သူကတော့ အိမ်ပေါ်မှာ ရှိနေစဉ်မှာ ကိုဘဲ လက်နက်ကြီး ထိမှန် ပြီးတော့ မကြာ ပါဘူး ဆုံးသွား ရှာတယ်လေ” ဟု ဆိုပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လက်နက်ကြီးဖြင့် ရွာထဲ ပစ်သွင်းသောကြောင့် ရွာသားတဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
06:47
Rating: