ရွှေဈေး အတက်အကျက အမေရိကန် ကွန်ဂရက်ပေါ်မူတည်မည်


အမေရိကန် ဆီးနိတ်လွှတ်တော်မှာ ဆီးရီးယားကိုတိုက်ဖို့ အဆို နိုင်သွားပေမယ့် အမေရိကန်ကွန်ဂရက်က သည်ဆီးရီးယား ကိစ္စနဲ့ ပက်သက်ပြီး စင်တင်ဘာလ ၉ ရက်နေ့ မှာ ဆွေးနွေးမှာဖြစ်ပြီး အဲ့သည့်ဆုံးဖြတ်ချက်က ဆီးရီးယားကို တိုက်မယ်ဆိုရင် ရွှေဈေးက ထိုးတက်သွားမှာပါ။

ပန်းဘဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က " အမေရိကန် ကွန်ဂရက်ကထွက်လာမယ့် ဆုံးဖြတ်ချက်က အဓိကကျတယ်။ သမ္မတအိုဘားမားက သူ့မိန့်ခွန်းတချို့မှာ မတိုက်ချင်သလိုပြော တာမျိုးတွေရှိတဲ့ အတွက်ရွှေဈေးက နည်းနည်းကျသွားတယ်။ ဆီး ရီးယားကို မတိုက်ဖြစ်ရင်တော့ရွှေဈေးက အေးနိုင်ပါတယ်" လို့ပြောပါတယ်။

ယနေ့မှာ ကမ္ဘာ့ရွှေဈေးက မနေ့က တစ်အောင်စကို ၁၄၁၀ ဒေါ်လာကနေဒီနေ တစ်အောင်စကို ၁၃၈၈ ဒေါ်လာအထိ ကျပြီး မြန်မာ့ရွှေဈေးက မနေ့ကတစ်ကျပ်သားကို ကျပ်၇၂၅,၀၀၀ ကနေ ယနေ့ တစ်ကျပ်သားကို ကျပ်၇၁၉,၀၀၀ ၀န်းကျင်အထိကျတစ်ရက်တည်းနဲ့ ကျလာခဲ့ပါတယ်။

Author အေးလပြည့်
The Modern News Journal


ရွှေဈေး အတက်အကျက အမေရိကန် ကွန်ဂရက်ပေါ်မူတည်မည် ရွှေဈေး အတက်အကျက အမေရိကန် ကွန်ဂရက်ပေါ်မူတည်မည် Reviewed by သစ်ထူးလွင် on 16:37 Rating: 5
Powered by Blogger.