ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက်


ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မြို့ပတ်လမ်း စုံရာဒေါင့်တွင် အများပြည်သူ သောက်သုံး ရေကန်နှင့် ကပ်လျက်၊ အခြေခံပညာ မူလတန်းကျောင်း အမက(၅) အနီး (ကိုက်တစ်ရာ အတွင်း) ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နြေ ပည်သူများက ရပ်တန့်ပေးစေလိုကြောင်း ဆန္ဒခံယူပွဲကို 25.9.13 ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒခံယူပွဲ အစည်းဝေးကို ရပ်ကွက်နေ ပြည်သူ/သား ၄၅ဦးတက်ရောက်ခဲ့ပြီး၊ ၄၂ဦးက ကန့် ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ တစ်ဦးက ကြားနေ၊ နှစ်ဦးက အစည်းအဝေး မပြီးခင်ပြန်သွားခဲ့သည့်အတွက် ထောက်ခံသူ တစ်ဦးတစ်ယောက်မှ မရှိပါ။

ဆန်စက်မှ လွင့်လာသော ဖုန်မှုန့်၊ ဖွဲနုမှုန့်များ၊ အနံဆိုးများကြောင့် သောက်သုံးရေကန်ပျက်စီးနိုင်ကြောင်း ဘေးပတ်ဝင်းကျင်နှင့် မူလတန်းကျောင်းမှ ကလေးငယ်များအတွက် ကျန်မာရေး ထိခိုက်နိုင်သောကြောင့် ၊ ၄င်း ဆန်စက် ဆက်လက်တည်ဆောက်မှုအား ရပ်တန့် ပေးစေရန် သဘောထား ခံယူမှု ပြုလုပ်ကြတာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက Myanmar News Now ကိုပြောပါသည်။

ဆန္ဒခံယူပွဲ အစည်းဝေး




ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက် ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက် Reviewed by သစ်ထူးလွင် on 19:29 Rating: 5
Powered by Blogger.