မိတ္ထီလာ ပဋိပက္ခ ပြီးဆုံးသည်မှာ ခြောက်လပြည့်သော်လည်း ဒုက္ခသည် လေးထောင်ကျော် အိမ်ပြန်ရေး ခက်ခဲနေဆဲဟုဆို


မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခြောက်လ ပြည့်ပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်း ငါးခုရှိ ဒုက္ခသည် ၄,၀၀၀ ကျော်အတွက် မြေနေရာ ပြန်လည် ရရှိရေးနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေး ကိစ္စများမှာ တိကျသည့်အဖြေ ထွက်ပေါ်ခြင်းမရှိဘဲ ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒုက္ခသည်များက တညီတညွှတ်တည်း ပြောကြားသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ထိ မိတ္ထီလာ ပဋိပက္ခဒုက္ခသည် ကယ်ဆယ်ရေးစခန်း ငါးခုတွင် နေထိုင်နေသူ ၄၁၅၆ ဦး ကျန်ရှိပြီး ၎င်းတို့ နေရပ်ပြန်ရမည့် ရက်ကို တိကျစွာ မသိရသေးကြောင်း၊ ယင်းသို့ ကယ်ဆယ်ရေး စခန်းများ၌ အချိန်မည်မျှထိ နေရဦးမည်ကို တိကျစွာ မသိရ၍ ဒုက္ခသည် များ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်လာကြောင်း ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာ ပဋိပက္ခ ပြီးဆုံးသည်မှာ ခြောက်လပြည့်သော်လည်း ဒုက္ခသည် လေးထောင်ကျော် အိမ်ပြန်ရေး ခက်ခဲနေဆဲဟုဆို မိတ္ထီလာ ပဋိပက္ခ ပြီးဆုံးသည်မှာ ခြောက်လပြည့်သော်လည်း ဒုက္ခသည် လေးထောင်ကျော် အိမ်ပြန်ရေး ခက်ခဲနေဆဲဟုဆို Reviewed by သစ်ထူးလွင် on 12:18 Rating: 5
Powered by Blogger.