စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းမပေါ်မှာရှိတဲ့ မြေနီကုန်းဈေးမှာ ရောင်းချခဲ့သူတွေက မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ရရှိဖို့အတွက် အရင်မြေနီကုန်းဈေးဟောင်းရှေ့မှာ ဒီကနေ့မနက်ပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ၁၉၉၅ ခုနှစ်မှာ အဲဒီဈေးကို ၃ နှစ်အတွင်း အဆင့်မြင့်ဈေး တည်ဆောက်ပေးမယ်ဆိုပြီး ရောင်းချနေတဲ့ ဈေးသည်တွေကို အင်းလျားလမ်းပေါ်မှာရှိတဲ့ သံလွင်ဈေးကို ပြောင်းရွှေ့ခဲ့တာလို့ ဆန္ဒပြဈေးသည်တစ်ဦးဖြစ်တဲ့ ဒေါ်စန်းကြည်က RFA ကိုပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြေနီကုန်းဈေးမှာ ပြန်လည်ရောင်းချခွင့်ရရှိရေး တောင်းဆိုဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
02:11
Rating: