ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရားရင်ဆိုင်ရန် အသင့်ရှိဟု ၀ဲကြီး တောင်သူများဆို

ထုတ်ပြန်ထားသည့် ဥပဒေအတိုင်း ဘက်လိုက်မှုမရှိ မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက
တရားရင်ဆိုင် သွားမည်ဟု နေပြည်တော်နယ်မြေ၌ ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့်
ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် တောင်သူများက စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာနေ တောင်သူလေးဦးကို (ပ)၆၁/၂၀၁၃၊ (ပ)၆၂/၂၀၁၃၊ (ပ)၁၀၄/၂၀၁၃၊ (ပ)၁၀၅/၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အမှု
အတွက် တရားခံဟု သတ်မှတ်၍ စက်တင်ဘာလ ၁၉ ရက် နေ့ နံနက် ၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်
၂၀ ခန့် က လက်နက်အပြည့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု
ဆက်လက်ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု ။ ဓါတ်ပုံ - RFA

ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရားရင်ဆိုင်ရန် အသင့်ရှိဟု ၀ဲကြီး တောင်သူများဆို ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရားရင်ဆိုင်ရန် အသင့်ရှိဟု ၀ဲကြီး တောင်သူများဆို Reviewed by သစ်ထူးလွင် on 16:35 Rating: 5
Powered by Blogger.