လှိုင်သာယာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် စာသင်ကျောင်းများ အတွင်းသို့ ရေ၀င်ရောက်


ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၄.၉.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်မှ ၀၈၀၀အချိန်ထိ လှိုင်သာယာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အမှတ်(၉)ရပ်ကွက်၊ မင်းဘူးလမ်း၊ အ.လ.က(၁၀)စာသင်ဆောင်များအတွင်းသို့ ရေ(၅)လက်မခန့် ၀င်ရောက်ခဲ့၍ သူငယ်တန်းမှ အဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၁၆၅၀)ဦးတို့အား ၁၀၃၀အချိန်တွင် နေအိမ်သို့ အသီးသီးပြန်လည် စေလွှတ်ခဲ့ကြောင်းနှင့် (၁၂)ရပ်ကွက်၊ သခင်မြလမ်းရှိ အ.ထ.က(၂)ကျောင်းတွင် န၀မတန်းပညာသင်ကြားလျက်ရှိသည့် သစ္စာဆောင်နှင့် မေတ္တာဆောင်တို့တွင် မိုးရေ(၁)ပေခွဲခန့် ၀င်ရောက်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့အား စာရိတ္တအဆောင်ရှိ အစည်းအဝေးခန်းမသို့ ၁၁၁၅အချိန်တွင် ပြောင်းရွှေ့ ပညာသင်ကြား လျက်ရှိကြောင်းနှင့် စာသင်ဆောင်များ အတွင်းသို့ မိုးရေ ၀င်ရောက်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


လှိုင်သာယာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် စာသင်ကျောင်းများ အတွင်းသို့ ရေ၀င်ရောက် လှိုင်သာယာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် စာသင်ကျောင်းများ အတွင်းသို့ ရေ၀င်ရောက် Reviewed by သစ်ထူးလွင် on 16:15 Rating: 5
Powered by Blogger.