နေပြည်တော် ကော်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု ၊ မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာမှ တောင်သူများသည် လယ်ယာမြေများကို ရယူထားသူ ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်း၏ အမှုဖွင့်တိုင်ကြားခြင်းကို ခံထားရပြီး ပြဿနာများ ဆွေးနွေးညှိနှိုင်းမပြီးမချင်း ခြံစည်းရိုး ကျောက်တိုင်စိုက်ခြင်း ၊ သွပ်စူးကြိုးကာရံခြင်းများ မပြုလုပ်ရန် တောင်သူများက တားမြစ်ထားသည်ကို ယနေ့ ၂၇.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်မှူးခင်မောင်ဝင်း၏ အလုပ်သမားခေါင်းများဖြစ်ကြသည့် ခင်မောင်ဌေး ၊ ဆန်းထွန်းပါ (၄)ဦးက တောင်သူ အမျိုးသမီးများကို မကြားဝံ့မနာသာ စကားများ ပြောဆို၍ ဓားဖြင့် လိုက်သည်ကို ဒက္ခိဏမြို့မ(ပေါက်တော) ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားရာ စခန်းမှူး မရှိသဖြင့် ဂတ်စာရေးက လက်ခံထားလိုက်ပြီး နောက်နေ့ စခန်းမှူးလာမှ အမှုဖွင့်ပေးမည်ပြောဆိုလိုက်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
(တောင်သူ ဒေါ်ပေါက်စ ၊ ဒေါ်ချစ်စု ၊ ဒေါ်သန်းမြင့်) |
|
(ဗိုလ်မှူးဟောင်း ခင်မောင်ဝင်း၏ အလုပ်သမားခေါင်း ခင်မောင်ဌေး) |
|
(ဗိုလ်မှူးဟောင်း ခင်မောင်ဝင်း၏ အလုပ်သမားများ ခြံစည်းရိုး ကျောက်တိုင်စိုက် ၊ သွပ်စူးကြိုး ကာနေကြစဉ်) |