မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး


မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 16:45 Rating: 5
Powered by Blogger.