ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့ G-20 ထိပ်သီး အစည်းအဝေးပွဲ ဘေးပန်းမှာ အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာတီမီယာ ပူတင်တို့ သီးသန့်ဆွေးနွေးခဲ့ကြပေမဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်မယ့် ကိစ္စမှာတော့ သဘောထား ကွဲနေကြဆဲဖြစ်ပါတယ်။ သမ္မတပူတင်နဲ့ဆွေးနွေးမှုဟာ ပွင့်လင်းပြီးတော့ အကျိုးရှိတယ်လို့ မကြာခင်တုန်းကပဲ စိန့်ပီတာစပတ်မြို့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကြောင့် ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုလုပ်မယ့်အပေါ်မှာ ရုရှားဘက်က ကန့်ကွက်နေတဲ့သဘောထား ပြောင်းလဲသွားမယ်လို့တော့ သူ့အနေနဲ့မထင်ပါဘူးလို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဆီးရီးယားအရေး အိုဘားမားနဲ့ ပူတင် သဘောထားကွဲ
Reviewed by သစ်ထူးလွင်
on
01:34
Rating: