ပြစ်မှုပြစ်ဒဏ် မျှတပါ၏လော


ယခုရက်ပိုင်း အတွင်း ပညာရေး ဌာနနှင့် ဆက်နွှယ်သော ပြည်သူများ အဖို့ စိတ်ဝင်စားမှု အရှိဆုံး သတင်းမှာ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်စိုးစိုးခိုင် အလုပ်ထုတ်ပယ်ခံ ရမှု သတင်းပင် ဖြစ်ပါ သည်။ ကျွန်တော်သည်လည်း သမီး နှစ် ဦးမှာ ပညာရေးဌာနမှ ဆရာမများဖြစ် သဖြင့် ယင်းသတင်းကို နေ့စဉ်နှင့် အမျှ ဂျာနယ်၊ ပုဂ္ဂလိက၊ သတင်းစာများတွင် အမြဲဖတ်ရှုမိပါသည်။ ပထမကြားသိစ ကပင် အံ့သြတုန်လှုပ်မိပါသည်။ ထိုစဉ် က မယူမနေရ ပင်စင်ပေးလိုက်သည့် သတင်းဖြစ်ပါသည်။ နောက်ရက်များ မကြာမီ ပင်စင်ပေးသည့်အမိန့်ပယ်ဖျက် ပြီး အလုပ်မှ ထုတ်ပယ်ခြင်းသတင်း သိရ တော့ ဝမ်းနည်းခြင်း၊ တုန်လှုပ်ခြင်း၊ ခံ ပြင်းခြင်း ဖြစ်မိပါတော့သည်။ တစ်ဆက် တည်းပင် ပညာရေးဌာနတွင် လုပ်နေ သော သမီးနှစ်ဦးအတွက် မိဘတစ်ဦး အနေဖြင့် စိုးရိမ်စိတ် ဖြစ်မိပါတော့ သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြစ်မှုပြစ်ဒဏ် မျှတပါ၏လော ပြစ်မှုပြစ်ဒဏ် မျှတပါ၏လော Reviewed by သစ်ထူးလွင် on 15:23 Rating: 5
Powered by Blogger.